ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မြစ်ရေအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁.၁၁.၂၀၁၉) ရက်နေ့ နံနက်(ဝ၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ ကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။
 ထူးခြားမိုးလေဝသအခြေအနေသတင်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ နံနက်(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်သုံးခုတို့တွင် နှစ်ရက်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

ထူးခြားမိုးလေဝသအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်၊ မြန်မာစံတော်ချိန် ၇ နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) သည် ထိုင်းနိုင်ငံ၊ စီစကက်မြို့(Sisaket)၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာတွင် ဗဟိုပြုနေသည်။ အဆိုပါကုန်းတွင်း မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရသည်။