မိုးလေဝသနှင့် ဇလဗေဒ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)တွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ၊ မကွေးတိုင်းဒေသ ကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဆောမြို့တွင် (၁.၆၀)လက်မ၊ ပြင်ဦးလွင်မြို့တွင် (၁.၃၈)လက်မ၊ ငါးသိုင်းချောင်းမြို့တွင် (ဝ.၈၇)လက်မ၊ မိတ္ထီလာမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင် (ဝ.၇၅)လက်မစီ၊ နမ့်စန်မြို့တွင် (ဝ.၅၉)လက်မ၊ တောင်ငူမြို့တွင် (ဝ.၅၁)လက်မနှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်)တွင် (ဝ.၄၇)လက်မတို့ ဖြစ်ကြ