ဒီးမော့ဆိုမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးတိုင်အချို့ ကျိုးကျ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငွေတောင်ကျေးရွာအုပ်စု ဒေါကလိုးခူကျေးရွာအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးတိုင် ၈ တိုင် ကျိုးကျပြီး ၄ တိုင် ယိုင်လဲကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။