မြန်မာနိုင်ငံအတွင်း မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၄၅)မိုင်ခန့်အကွာ ဗဟိုချက်၊ အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၅ ဒသမ ၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မတ် (၁၈)ရက် ညပိုင်းက လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။