၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ ဒီဇင်ဘာလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာသီကာလများဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ခန့်မှန်းရ








