ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) "ဘူရီဗီ"(Burevi)သည် သီရိလင်္ကာနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိ နေပါသည်။ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။