ဇေယျာသီရိမြို့နယ်၌ ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် စားသောက်ဆိုင်နှစ်ဆိုင်အား အရေးယူထား

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှုမရှိဘဲ ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် စားသောက်ဆိုင်နှစ်ဆိုင်အား အရေးယူထားကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂,ဝ၀ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် ငွေကျပ် ၁ဒသမ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

မန္တလေး - မြစ်ကြီးနား မီးရထားလမ်း အင်းတော်လမ်းပိုင်းတွင် မီးရထားနှင့် ကားတိုက်မိမှု ဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြအင်းသာလမ်းနှင့် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဆုံရာ တရားမဝင် ရထားလမ်းကူးနေရာ မီးရထားလမ်း မိုင်တိုင် အမှတ် ၅၈၅/ ၂၀ နှင့် ၅၈၅/၂၁ ကြားတွင်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က မြစ်ကြီးနားမှ မန္တလေး သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF – 1343 ( အစုန် ) ကုန်တင်ရထားနှင့် မြအင်းသာ လမ်းအတိုင်း မောင်းနှင်လာသော AD Van အမျိုးအစား (အဖြူရောင်) ယာဉ်နှင့် တိုက်မိ၍ ကားမှာ မီးရထားလမ်းအတိုင်း ပေ ၁၅၀ ခန့် လျှောတိုက်ပါသွားကြောင်း သိရ
သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့် မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ယာဉ်ခြောက်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ဆဲဆိုခြိမ်းခြောက်သူကို အရေးယူထား
သင်္ဃန်းကျွန်းမြို့နယ်၌ ထောက်ပံ့ကြေးငွေ မရရှိသည့်ကိစ္စအား မကျေနပ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ပစ်မည်ဟု ဆဲဆိုခြိမ်းခြောက်သူကို အရေးယူထားကြောင်း သိရသည်။
ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်ရှိ ရွှေခြင်္သေ့ဓာတ်ဆီဆိုင်၌ မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်၊ နယ်မြေ(၂) ဆိုင်အမှတ် ၃၈၊ ပိုင်ရှင် ဦးသန်းဇော် ပိုင်ဆိုင်သော ရွှေခြင်္သေ့ဓာတ်ဆီဆိုင်တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဆီဘောက်ဆာအတွင်းမှ ဆီများ ပေပါအတွင်းသို့ ပြောင်းထည့်နေစဉ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။