နေပြည်တော်၊ ပျဉ်းမနားမြို့၌ လုယက်မှုကျူးလွန်ခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့မဈေး အနောက်ဘက်တွင် နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ထားသော ပုလဲရတနာရွှေဆိုင်၌ ယမန်နေ့ နံနက် ၆ နာရီက ဆိုင်ခင်းကျင်းရန် တံခါးများအားဖွင့်နေစဉ် အမည်မသိအမျိုးသား(၁)ဦး ရောက်ရှိလာပြီး ဆိုင်ရှင်၏ ပါးစပ်အား လက်ဖြင့်ပိတ်ကာ နားတွင်ဝတ်ဆင်ထားသော နားကပ်(၁)ရန် (တန်ဖိုးငွေ ၂၅၀၀၀၀ ကျပ်)ကို ဆွဲဖြုတ်လုယူသွားသဖြင့် နားရွက်ပြတ်ရှ၊ အပေါ်ရှေ့သွား (၁)ချောင်းကျိုး စသည့်ဒဏ်ရာများရရှိခဲ့၍ ခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။