ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့  ဆိုင်ကယ် ၁၂ စီးခိုးမှုအား မင်းဘူးမြို့မရဲစခန်းမှ  စစ်ဆေးဖော်ထုတ်နိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့တွင် ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့ ဆိုင်ကယ် ၁၂ စီးခိုးမှုအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
ညောင်ဦးတွင် ညမထွက်ရအမိန့် မလိုက်နာသူ လူငယ် နှစ်ဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားရှိရာ ဧပြီ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ဦး - မြင်းခြံကားလမ်း ရွှေပြည်နန်း သနပ်ခါးခြံအနီး လမ်းမပေါ်တွင် လူငယ်နှစ်ဦးအားတွေ့ရှိ၍ ထုတ်ပြန်ထားသည့် အမိန့်အား လိုက်နာခြင်းပျက်ကွက်သည့်အတွက် တည်ဆဲဉပဒေဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 
ဖားကန့်၌ အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး  ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဆင့်ကဲတိုက်မိမှုဖြစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆီးရီးယားတွင် ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၄၀ ဦး သေဆုံး

ပန်းတနော်မြို့နယ်၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ  ဆိုင်ကယ်မောင်းသူ သေဆုံး

မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာတွင် မီးလောင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊  မန်းကျိုး ကျေးရွာတွင် ယနေ့ နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ကလးမြို့တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူများအား ထောင်ဒဏ်(၃)လစီ ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မည်သူမျှ အကြောင်းမဲ့သွားလာခြင်း မပြုရန် အမိန့်ထုတ်ပြန်ထားရှိရာ ဧပြီ ၂၆ ရက် ည ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းမများပေါ်၌ အကြောင်းမဲ့သွားလာနေသူ ၁၂ ဦးတို့အား ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ကြောင်း သိရသည်။