ရပ်စောက်မြို့၌ မိုးကြိုးထိမှန်၍ တစ်ဦးသေဆုံးပြီး လေးဦးဆေးကုသမှုခံယူရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာတွင် ဇွန် ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က တောင်ယာပြောင်းခင်း ပေါင်းဆွသွားရောက်လုပ်ကိုင်သူများအား မိုးကြိုးပစ်၍ တစ်ဦးသေဆုံးပြီး လေးဦး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း






