ရမည်းသင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်လုပ်သေနတ်တို့အား ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကျော်ဦးစီးသည့် ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ယနေ့ နံနက် ၁ နာရီခွဲက ကျောင်းကုန်းကျေးရွာနေ အောင်ဖေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၈၀ဝ)၊ ဘိန်းချေးဟု ယူဆရသော အမဲရောင်အမှုန့် (၄၃)ကျပ်သားခန့်၊ ဘိန်းရူရာတွင် အသုံးပြုသော ပစ္စည်းများအား ထည့်ထားသည့် သံသေတ္တာ(၁)လုံး၊ အရှည်(၁၅)လက်မရှိ လက်လုပ်တူမီးသေနတ်အတို (၁)လက်၊ ခဲသီး(၇)လုံး၊ ဓားအိမ်ပါ ဓား(၄)ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ 
ရန်ကုန်-မန္တလေးကားလမ်းတွင် ရပ်နားပြုပြင်နေသည့် မော်တော်ယာဉ်အား နောက်မှ ဝင်တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

တနိုင်း၊ မြိုင် နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက်  ညနေပိုင်းက တနိုင်းမြို့၊ ကင်ဆားရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မနောကွင်းရှေ့တွင် ကိုထွေး၊ စိုင်းမင်းထွန်းနှင့် မိုးဝင်းတို့အား မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ
မရမ်းကုန်းမြို့နယ်၌ Online ဖြင့် လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီး
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် Online ဖြင့် လောင်းကစားပြုလုပ်နေသူများအား မေ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူ ၃ ဦးအား အလုပ်နှင့်ထောင်ဒဏ်တစ်လပြစ်ဒဏ်ချ
မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာက ထုတ်ပြန်ထား သည့် ညမထွက်ရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူ အမျိုးသားသုံးဦးအား မေလ ၂၇ ရက်နေ့က ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ကျခံစေရန် မြို့နယ်တရားရုံးက အလုပ်နှင့်  ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရ
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ စက်မှု(၁)လမ်းနှင့် အင်ကြင်းမြိုင် လမ်းထောင့်ရှိ မြေတိုင်း(၄၂)၊ အကွက်အမှတ်(၆၃/၆၄)ပေါ်ရှိ ပိုင်ရှင် ဦးမြင့်အောင် ပိုင်ဆိုင်သည့် PMG အရက်ချက်စက်ရုံ၌ ယနေ့ နံနက် ဝ၀ နာရီ မိနစ် ၅၀  က မီးလောင်မှု ဖြစ်ပွားခဲ့