တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးရှိ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအဝင် ဖုန်းကာဗာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် ဂျပ်ပုံးအတွင်း ခြင်ဆေးထွန်းထားရာမှ ယနေ့ ည ၆ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဟိုပုံးနှင့် ဖယ်ခုံမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၆ ဧကခန့် ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက်တွင် ငိုချီးကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၁၁ ဧက ခန့်အား ဖျက်ဆီးခဲ့သည်။
ဆီဆိုင်၊ တာချီလိတ်၊ နမ့်ခမ်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တောင်ကြီးမြို့တွင် လျှပ်စစ်ဒယ်နီ ဟင်းအိုးတည်ထားရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား တစ်ဦးသေဆုံး
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့  ကန်အောက်ရပ်ကွက်၊ နယ်မြေ(၁၀)၊အိမ်အမှတ်(၁၆၅) ပိုင်ရှင် ဦးခင်မောင်အေး (၆၂)နှစ်၊ ဦးခင်မောင်ချစ်(၅၉)နှစ်၊ဒေါ်ခင်သီတာ(၅၄)နှစ်၊နေထိုင်သော(၁၅×၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ် နေအိမ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မီနစ် အချိန်၌ လျှပ်စစ်ဒယ်နီ ဟင်းအိုတည်ထားရာမှ အပူလွန်ကဲ၍မီးလောင်ကျွမ်းခဲ့
အမေရိကန်ပြည်ထောင်စု ဝေါလ်မတ်စတိုးဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပီရူးနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား ၁၆ ဦးထက်မနည်းသေဆုံး
ပီရူးနိုင်ငံ အာရီကွစ်ပါ ဒေသရှိ ကာရာဗီလီ မြို့အနီးတွင် ယမန်နေ့က  ဘတ်စ်ကားတစ်စီးသည် အခြားယာဉ်များနှင့် တိုက်မိကာ  ၁၆ ဦးထက် မနည်းသေဆုံးခဲ့ပြီး အခြား ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာရီကွစ်ပါ ဒေသကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲ ဒမ်ဘာ မူနော့ဇ် လိုဇာဒါ က ပြောကြားခဲ့