ဆီဆိုင်နှင့် မိုင်ပျဉ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၅ နာရီခွဲတွင် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအဝင်၊ ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်း၌ စိုင်းနေလင်း (ခ) မောင်လီ မောင်းနှင်လာသော မော်တော်ယာဉ်နှင့် အန်တောနျို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး တို့ကိုရပ်တန့် ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၉၀ဝ၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် ၉၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။







