ရန်ကုန်-ပဲခူးလမ်းမကြီးတွင် ၆ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်မှုဖြစ်ပွား ယာဉ်မောင်းဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာ ရန်ကုန်-ပဲခူးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၁) နှင့် (၄၅/၂)အကြားတွင် ယနေ့ နံနက် ဝ၀ နာရီ ၁၅ မိနစ်ခန့်က Cheng Long Truck အမျိူးအစား (အပြာရောင်) (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်းညှပ်၍ ပိတ်မိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရ





