မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ သစ်ခွဲပင်ကျေးရွာနှင့် တောင်လယ်ကျေးရွာကြား၊ မိုးမိတ်- တွင်းငယ်သွား ကားလမ်းတွင် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်စဉ် ၎င်းမှာ ဆိုင်ကယ်အားလှဲချပြီး လမ်းဘေးရှိတော အတွင်းသို့ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်ကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀,ဝ၀ဝ ကိုလည်းကောင်း၊