ဗိုလ်ရုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်နှစ်လုံး ဆုံးရှုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ ဗိုလ်ရုံ ကျေးရွာတွင် ဇွန် ၉ ရက် ည ၁ နာရီခန့်က နေအိမ်လူမရှိစဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။






