ပရီမီယာလိဂ်ပွဲစဉ် (၂) အဖြစ် ဇန်နဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် လီဗာပူးနှင့် ဘရန့်ဖို့ဒ်တို့ပွဲတွင် လီဗာပူးတို့ သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ လီဗာပူးတို့ လူမစုံသော်လည်း ဖိအားပေးကစားနိုင်ခဲ့ရာ ၄၄ မိနစ်တွင် နောက်တန်းလူ ဟာမီနို၏ ဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့သည်။ ဘရန့်ဖို့ဒ်တို့ကလည်း တစ်ခါတစ်ရံ ပြန်လည်ထိုးဖောက်ကစားခဲ့သည်။