WLC Battlebones ပွဲစဉ် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်ဂါးဒင်းလ် Residence တွင် ကျင်းပခဲ့ပြီး WLC Battlebones မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်သူ ဥဇဘက် ကစ္စတန်နိုင်ငံသား တူတာဗို့က ပြိုင်ဘက်တူးတူး ကစားပုံများအား လေ့လာထားပြီး အနိုင်ရရှိအောင် ထိုးသတ်သွားမည်ဟု ပြောဆိုသည်။