ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အာရှအဆင့်ပြိုင်ပွဲများနှင့်ပတ်သက်၍ ပြန်လည် အတည်ပြုမည်
အာရှဘောလုံးအဖွဲ့ချုပ်သည် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ကျင်းပရန်စီစဉ်ထားသည့် အာရှအဆင့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ပြန်လည်အတည်ပြုမည်ဖြစ်သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ဩဂုတ် ၁၀ ရက်တွင် ပြုလုပ်မည်
အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်မက်ဒရစ်နဲ့ ဒုတိယအကြိမ် ပြန်လည်လက်တွဲခဲ့တဲ့ အန်စလော့တီ
နည်းပြ အန်စလော့တီဟာ ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် စပိန်လာလီဂါ ကလပ်ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဒုတိယအကြိမ် ပြန်လည်လက်တွဲခဲ့တယ်လို့ သိရပါတယ်။
ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ၂၀၂၁ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲမစတင်မီ သီတင်း နှစ်ပတ်အလိုမှာ အာဂျင်တီးနားနိုင်ငံကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ကနေ ဖယ်ရှားခဲ့ပြီးနောက် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၀၀ ကျော် ချီးမြှင့်မည်
နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်သည်။
၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်မည်
၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများ တွင် မြန်မာအသင်းများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။