MNL ပွဲစဉ် (၁၅) တွင် ရန်ကုန်နှင့် ရတနာပုံ ထိပ်တိုက်တွေ့ဆုံ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဇူလိုင် ၆၊ ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အစဉ်အလာရှိသည့်ပြိုင်ဘက်များဖြစ်သော လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရတနာပုံအသင်းတို့ ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။
ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် (၇) နေရာလုပွဲ ကစားရမည်
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အဆင့်လုပွဲများကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အဆင့် (၇) နေရာလုပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 
မြန်မာ ယူ-၁၅ အမျိုးသားအသင်းနှင့် တရုတ် ယူ-၁၅ အမျိုးသားအသငး် ခြေစမ်းပွဲကစားမည်
၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် ၂၀၂၀ အာရှ ယူ-၁၆  ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ် ယူ-၁၅ အသင်းနှင့် တရုတ်နိုင်ငံ Haikou မြို့တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 
Fighters Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်သည့် International Fighter of the Year ဆုကို အောင်လအန်ဆန် ဆွတ်ခူး
Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်သည့် World MMA Awards 2019 ဆုပေးပွဲကို ဇူလိုင်(၃)ရက် (မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် နံနက်ပိုင်း) က အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်၌ ကျင်းပခဲ့ရာ
မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး ပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား၊ အသက်(၁၄)နှစ်အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
မိုင်းယောင်း၌ အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ
မြိူ့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် အားကစားပြိုင်ပွဲများကို ဇွန် ၂၈ ရက်က စတင်ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများအတွက် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့မအားကစားရုံ၌ ပြုလုပ်ခဲ့သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်း ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့၌ ခြေစမ်းမည်
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူလက်ရွေးစင် အမျိုးသမီအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။