ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်စုံနေဖို့လိုပါမယ်။ ဒီလိုပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓါတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓါတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓါကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်းသကြားဓါတ် မြင့်တက်မှုဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးပါရစေ။