ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီး သန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုတ်ကောင်လေးက သားဥပြွန်မှာ ဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့သန္ဓေသားလေးက သားဥပြွန် ကနေ ပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကို ဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိ သန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည် ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်