ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ
နွေရာသီမှာရေအေးအေးလေးသောက်လိုက်ရတာကတော်တော်ကိုစိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကိုလျော့ကျသွားစေပါတယ်။ ဒါပမယ့်ရေခဲရေက ခန္ဓါကိုယ်ကို ဘယ်လောက် ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲ ဆိုတာကိုတော့တော်တော်များများက တွေးမိမယ်တောင် မထင်ပါဘူး။ ရေခဲရေကိုသောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာ ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေး ထိခိုက်နိုင်မှုကိုလျော့ချပေးနိုင်