ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင်အခမဲ့ဆေးကုသပေးလျက်ရှိ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခ ဒေါက်တာစောကလယ်ခူ (ပါမောက္ခဌာနမှူး၊သားဖွားမီးယပ်) ဦးဆောင်သောအဖွဲ့သည် မတ် ၁၇ ရက်မှစတင်ကာ ဟားခါးပြည်သူ့ဆေးရုံကြီး၌ အထွေထွေရောဂါလူနာများအား အခမဲ့ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။