ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းသို့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင်                 ဝါဆိုပန်းခူးထွက်သူများဖြင့် စည်ကားလျက်ရှိ
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းသို့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ဝါဆိုပန်းခူးထွက်သူများနှင့် လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၂၉၀ဝ ကျော် ဝင်ရောက်လည်ပတ်
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၉၅၂ ဦးဝင်ရောက် လည်ပတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၆၄၁၈၁၃ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 
မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီ ရှေးခေတ်ပုဂံပြည်
ပုဂံဟုဆိုသည်နှင့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နှလုံးသည်းပွတ်နေရာတစ်ခုအဖြစ် အားလုံးကလက်ခံထားကြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်အဖြစ်သို့ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် သတ်မှတ်ခံခဲ့ရသည့်အတွက် ပြည်သူများအားလုံးကပင် ဝမ်းသာဂုဏ်ယူလျက်ရှိကြသည်။
ယဉ်ကျေးမှုမြို့တော်မန္တလေးမှ ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်(သို့) မျက်ပါးရွှေဆိုင်းလုပ်ငန်း
ယဉ်ကျေးမှုမြို့တော်မန္တလေးတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ရှေးဟောင်းစေတီပုထိုးများ၊ အဆောက်အဦများအပြင် ရိုးရာလက်မှုလုပ်ငန်းများ အများအပြားတည်ရှိလျက်ရှိသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးမှ သတ်မှတ်
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၌ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် ယနေ့ သတ်မှတ်လိုက်ကြောင်း သိရသည်။ 
တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၂၅၂၄ ဦး ဝင်ရောက်လည်ပတ်
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် ...........