လားရှိုး၌ ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ချယ်ရီမြိုင်အိမ်ရာဝင်းတွင် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာ (၆) ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပွဲတော်ဝင်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပသည်။