နေပြည်တော် ၉ နိုဝင်ဘာ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး တည်ထား ကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီး၏ အထက်ဌာပနာတော်သွင်း၊ ရွှေထီး တော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ (၁၁)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နံနက်ပိုင်းတွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက်(၇)နာရီမှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC)၊ MITV ၊ Up to Date ၊ Channel 9၊ MNTV၊ မဟာဗောဓိရုပ်သံလိုင်းနှင့် Ministry of Information Facebook Page ၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


