နေပြည်တော်  ၃၁  အောက်တိုဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရငြိမ်းချမ်းစေရေးအတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက အမှူးပြုသော စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော် ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို (တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ မိနစ် ၂၀ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနား ကျင်းပနေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ကြည်ညိုပူ ဇော်လိုသည့် အလှူရှင်များအနေဖြင့် ယာဉ်ဝင်ခွင့်နှင့် ရင်ထိုးတံဆိပ်များကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖုန်း-၀၆၇ ၃၄၀၆၂၈၊ ၀၆၇- ၃၄၀၆၁၅၇ သို့ ဆက်သွယ်ပြီး နိုဝင်ဘာ ၇၊ ၈၊ ၉ ရက်နေ့တို့တွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

 

မောင်လူမော်