ရန်ကုန် ၂၁ မတ်

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး၊ အချောသတ်လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

5

 

အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် Fuxing Brothers Group of Companies ဥက္ကဋ္ဌ ဦးအိုင်ထွန်း + သုဓမ္မသိင်္ဂီ ဒေါ်နန်းခင်ညွန့် မိသားစုက ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေးနှင့် အချောသတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ကျပ် သိန်း ၃၃၂၀ နှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း ၃၀၀၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင် + ဒေါက်တာစောနေနွယ် (AA Medical Products Co., Ltd.) မိသားစုက  ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေးနှင့် အချောသတ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အလှူငွေကျပ် သိန်း ၁၂၀၀ နှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း ၃၅၀ တို့ကိုလည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေးနှင့် အချောသတ်လုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် ဦးဝင်းဖေ + ဒေါ်ရွှေချော၊ သမီး သီရိသုဓမ္မသိင်္ဂီ ဒေါ်နီလာ၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်နန်းဝါ မိသားစုက အလှူငွေကျပ် သိန်း ၁၀၀၀၊ သီရိသုဓမ္မမဏိဇောတဓရ ဦးမိုးအား အမှူးထား၍ ဗိုလ်မှူးကျော်ကိုကိုရှိန်း + မမိုးပြည့်ပြည့်ဖြိုး မိသားစု (မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် KS Diamond ရတနာဆိုင်) က အလှူငွေကျပ် သိန်း ၅၀၀၊ SME Development Bank ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇေယျာညွန့် + သီရိသုဓမ္မသိင်္ဂီ ဒေါ်အိသန္တာဘို မိသားစုက  အလှူငွေကျပ် သိန်း ၂၀၀၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်ပိုးအိဖြူမောင် (ပြည့်ဝခိုင်မာ  ဆောက်လုပ်ရေးကုမ္ပဏီ)က အလှူငွေကျပ် သိန်း ၁၀၀ နှင့် ဦးဇော်မင်းခိုင် + ဒေါ်ဥမ္မာခိုင် မိသားစု (မြန်မာ့ရိုးရာစက်မှု လက်မှုကုမ္ပဏီလီမိတက်)က အလှူငွေ ကျပ်သိန်း ၅၀ တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား  ပြောကြားသည်။

 

သတင်းစဉ်