နေပြည်တော် ၁၆ မတ်

ထာဝရငြိမ်းချမ်းရေးစေတီတော်၌ ဘုရားဖူးပြည်သူများ အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် စေတီတော်ရင်ပြင်တော်နှင့် ဂန္ဓကုဋိတိုက်တို့တွင် စကျင် တာရာဇိုခင်းခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အလှူငွေပေးအပ်ပွဲတွင် စကျင်တာရာဇိုခင်းခြင်းလုပ်ငန်းအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူတော်ငွေကျပ် သိန်း ၈၀ ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

(သတင်းစဉ်)