နေပြည်တော် ၆ သြဂုတ်
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး တည်ထားကိုယ်ကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော်အတွက်(ဆဌမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပမည်ဖြစ်သည်။
သို့ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် အဆိုပါနေ့ရက်တွင် လာရောက် လှူဒါန်းနိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)


