ရန်ကုန် ၁၄ စက်တင်ဘာ
နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကံ့ကော်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသာသနက အလှူတော် ငွေကျပ် သိန်း ၅၀၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဇေယျဝတီပရိယတ္တိ စာသင်တိုက် တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တကောသလ္လက အလှူတော်ငွေကျပ် သိန်း ၂၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရေပူရွာ ဓမ္မပါလကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာနန္ဒက အလှူတော်ငွေကျပ် ၁၀ သိန်းနှင့် ရန်ကုန်မြို့ လှိုင်မြို့နယ် (၁)ရပ်ကွက် ရွာမကျောင်းလမ်းနေ ဦးစန်းရွှေ+ဒေါ်မာလာမြင့်၊ သမီး မဇူးဇူးပိုင် (Myint Universal Co., Ltd)က အလှူတော်ငွေကျပ် သိန်း ၁၀ဝ တို့ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားသည်။
သတင်းစဉ်


