မန္တလေး ၁ စက်တင်ဘာ
ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်းရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာဆရာတော်ဘဒ္ဒန္တဉတ္တမ(သဒ္ဓမ္မဇောတိကဓဇ) မနောသုခကာရီကျောင်းဆရာ တော်က ဩဝါဒကထာချီးမြှင့်၍ ပြည်ထောင်စုဝန်ကြီးထံ အလှူတော်ငွေ ကျပ်သိန်းနှစ်ဆယ် လှူဒါန်းသည်။ ထို့နောက်အလှူရှင် ဦးမြင့်အောင်+ဒေါ်မြင့်မြင့်ရီ (အောင်မြင့်မိုရ်ဟိုတယ်) မိသားစုက အလှူငွေကျပ် သိန်းသုံးရာ၊ ဦးမင်းနိုင်စိုး(ခ)ဦးညွှန့်မင်းထွန်း+ဒေါ်ဝိုင်းဝါ (ဂုဏ်ရှိန် မြန်မာကုမ္ပဏီ)မိသားစုနှင့် ဦးကျော်နိုင်+ဒေါ်သန်းသန်းနွယ် (သမီး)မအိမ့်ချစ်မိသားစုတို့က အလှူငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်စီ၊ သီဟသုဓမ္မသိင်္ဂီဒေါ်မြသိန်း (မြဝတီအထည်ရောင်းဝယ် ရေးလုပ်ငန်း)မိသားစုမှ အလှူတော်ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်၊ ဦးစန်းမောင်+ဒေါ်ခင်စန်း (ရှမ်းရွှေတောင်ရှူးရှဲ လက်ဖက်နှင့်နှစ်ပြန်ကြော် လုပ်ငန်း)မိသားစု၊ ဦးရန်အောင်+သီဟသုဓမ္မ သိင်္ဂီဒေါ်ရင်ရွှင်(New Star Gems &Jewellery)မိသားစု၊ ဒေါ်ခင်အုန်းမြင့်(သမာဓိအာမခံ ရွှေဆိုင်၊ အောင်စိုးမိုးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးနှင့် အောင်စိုးမိုးအထည်ဆိုင် မိသားစု၊ ဦးဝင်းဖေမြင့်+ ဒေါ်မြမြသန်း(မြတံခွန်နှင့်အောင်သန်းဆုပင်ရင်း ထီရောင်းဝယ်ရေး) မိသားစု၊ သားငယ်လေးမောင်ထက်အောင်ရှိုင်းအားရည်စူး၍ ဦးမိုးကျော်(ခ) ဦးကျော်ထင်+ ဒေါ်ခင်အုန်း (ထုံးဘုရင်ကျော်ထင် အသင့်ကွမ်းစားထုံးလုပ်ငန်း)မိသားစု၊ ဦးကျော်သန်းဇော် +ဒေါ်အေးအေးမြင့်မိသားစု၊ ဦးဝင်းအောင်+ဒေါ်မြင့်မြင့်ခင်(မြင့်မြင့်ခင်ထိုးမုန့် လမုန့်သီးစုံ လုပ်ငန်း) မိသားစုတို့က အလှူတော်ငွေကျပ်သိန်းတစ်ရာစီနှင့် အလှူရှင်များက အလှူငွေ များ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်နှင့် မန္တလေးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေး မှူးတို့က လက်ခံရယူ၍ အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ကကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား ၌ အလှူရှင်(၄၃)ဦးတို့က စုစုပေါင်းလှူဒါန်းငွေကျပ်၂၅၅၃,၁၀ဝ၀ဝ က လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်မောင်(မန်း)ကိုယ်ပွား


