ရေး  ၇ စက်တင်ဘာ


ဘုရားကြီး - မော်လမြိုင် - ရေး - ထားဝယ် - ကော့သောင်းလမ်း (ထားဝယ် - မလွဲတောင် အပိုင်း) မိုင်တိုင်(၈၀/၂) တောင်ပြိုလမ်းသား ပြတ်ကျသွားသည့် နေရာတွင် တပ်ဆင်ထားသော ယာယီဘေလီ သံဘောင်တံတားအား သြဂုတ် ၁၇  ရက်နေ့မှစ၍ အိမ်စီးကားများနှင့်ကုန်ကားများ (ယာဉ်+ကုန်=၂၄ တန်) ဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ယခုအခါ အဆိုပါဘေလီတံတားကို ခိုင်ခံ့အောင် ပြုလုပ်ပြီးဖြစ်သောကြောင့် ခံနိုင်ဝန်အား စမ်းသပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်မှစတင်၍(ယာဉ်+ကုန် = ၄၈ တန်) အထိ ကားကြီးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


MDN

Photo- ဆောက်လုပ်ရေးဝန်ကြီးဌာန