ထားဝယ် ၈ ဒီဇင်ဘာ

 

ထားဝယ်အမျိုးသား ညီလာခံတစ်ရပ်ကျင်းပရန်၊ ထားဝယ်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ ထားဝယ်လူမျိုးများအကြားတွင် အမျိုးသားရေး နိုးကြားလာစေရန်၊ ထားဝယ်လူမျိုးများကို စုစည်းပြီး ယင်းစုစည်းရရှိသော အင်အားစုဖြင့် ထားဝယ်လူမျိုးရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုစည်းညီညွတ်စွာ လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ယဉ်ကျေးမှုပြတိုက်၌ ပြုလုပ်ကျင်းပသည်။

 

ရှေးဦးစွာ ဇေယျဝတီ ကျောင်းတိုက်ဆရာ‌တော်ဘဒ္ဒန္တသူရိယ သြဝါဒစကား ပြောကြားပြီး သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း) က ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်‌‌ထောင်‌စုလွှတ်‌‌တော်‌ နာယက၊ ပြည်‌သူ့လွှတ်‌‌တော်ဥက္ကဋ္ဌ ဦးတီခွန်‌မြတ်‌မှ ‌ပေးပို့လာ‌သော သဝဏ်‌လွှာအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်‌‌မောင်‌‌အေးက ဖတ်‌ကြားပြီး တာဝန်ရှိသူများက တပ်‌မ‌တော် ‌ကာကွယ်‌‌ရေးဦးစီးချုပ် ဗိုလ်‌ချုပ်‌မှူးကြီး မင်‌‌းအောင်‌လှိုင်မှ ‌ပေးပို့‌သော သဝဏ်‌လွှာနှင့် ပြည်‌‌ထောင်‌စု တိုင်‌းရင်‌းသား လူမျိုးများ‌ရေးရာ ဝန်‌ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်‌သက်‌လွင်မှ ‌ပေးပို့‌သော သဝဏ်‌လွှာများအား ဖတ်‌ကြားကြသည်။  

 

၎င်း‌နောက်‌ အ‌လေးပြုခြင်‌းနှင်‌့ အလံတင်‌ခြင်‌း အခမ်‌းအနားအား ဆက်‌လက်‌ကျင်‌းပခဲ့ရာ ဒုတိယဗိုလ်‌မှူးကြီး ဦးတင်‌မြ (ငြိမ်‌း) မှ ဦး‌ဆောင်‌၍ ထားဝယ်အမျိုးသားအလံအား ယာဉ်‌‌ကျေးမှုပြတိုက်‌‌ရှေ့  နိုင်‌ငံ‌တော်‌အလံ‌ဘေးတွင် တင်‌ခဲ့ပြီး  တက်‌‌ရောက်‌လာသူများနှင်‌့ နိုင်‌ငံ‌တော်‌အလံနှင့် ထားဝယ်‌အမျိုးသားအလံတို့အား အ‌လေးပြုခဲ့ကာ ‌အောင်ပြီ (၃)ကြိမ်‌‌ ‌ကြွေး‌ကြော်ခဲ့ကြသည်။

 

ဆက်‌လက်၍ တာဝန်ရှိသူများက ထားဝယ်‌အသင်‌း (မန္တ‌လေး)မှ ‌ ‌ပေးပို့‌သော သဝဏ်‌လွှာ၊ ထားဝယ်‌အသင်‌း (‌မော်‌လမြိုင်‌)မှ ‌ပေးပို့‌သော သဝဏ်‌လွှာ၊ ထားဝယ်‌လူမျိုး တိုးတက်‌‌ရေးအသင်‌း (ထိုင်‌းနိုင်‌ငံ) မှ ပေးပို့‌သော သဝဏ်လွှာ ထားဝယ်‌တိုင်‌းရင်‌းသားများပါတီ (ဗဟို) မှ ပေးပို့‌သော သဝဏ်‌လွှာများအား ဖတ်‌ကြားခဲ့ကြပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦး‌အောင်‌မျိုးက အခမ်‌းအနား ကျင်‌းပရခြင်‌းနှင့်ပတ်‌သတ်၍ ရှင်းလင်းပြောကြား၍ ထားဝယ်လူမျိုးစုစည်းမှု ညှိနှိုင်းရေးမှူး ဦးတင်‌့လွင်က ထားဝယ်‌လူမျိုး ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် ဆရာတော် ဘန္ဒန္တဣဘာသက ‌ကျေးဇူးတင်‌စကား‌ပြောကြားပြီး တက်‌‌ရောက်‌လာသူများက ယဉ်‌‌ကျေးမှုပြတိုက်‌အတွင်‌း ထားဝယ်‌လူမျိုးပြကွက်‌များအား လှည်‌့လည်‌ကြည်‌့ရှုကာ ထားဝယ်‌ရိုးရာယဉ်‌‌ကျေးမှုအကအဖွဲ့မှ  ယမ်‌းအကနှင့် ‌ရေအိုးရွက်‌အကများဖြင်‌့ က‌ပြ‌ဖျော်‌‌ဖြေခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)