ထားဝယ် ဇွန် ၅
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Social Media အသုံးပြုခြင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းကို zoom application ဖြင့် ဇွန် ၄ ရက်နှင့် ၅ ရက်တို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့ခေတ်လူငယ်များသည် Social media များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း သန်းပေါင်းများစွာသော ပြည်သူများသည် Social Media အား နေ့စဉ်သုံးစွဲလျက်ရှိနေပြီး နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတစ်ဆင့် ဆက်သွယ်ပြောဆိုလျက်ရှိသည်ကို တွေ့ရကြောင်း၊ Social Media ကို လူမှုဆက်ဆံရေး Media တစ်ခုအနေနှင့်ပင် မကဘဲ လူအချင်းချင်း Relationship တည်ဆောက်ရေးအတွက်ကို ပို၍သုံးကြကြောင်းကိုလည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် facebook ကို အလေးပေး အသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် social media ကိုအသုံးပြုကြရန် သတိပေးကြကြောင်း၊ social mediaများ သည် ဆိုးကျိုးများရှိသလို တစ်ဖက်တွင်လည်း အကျိုးကျေးဇူးများစွာရှိကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက Social Media အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ Pravicy ပိတ်ထားသင့်သည့် အချက်များ၊ Security ပိုင်းဆိုင်ရာ features များ၊ media platforms များ၏ setting များအကြောင်းကို လက်တွေ့ ရှင်းလင်းသင်ကြားပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမှုထမ်း/အရာထမ်း (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)