ထားဝယ်   ဒီဇင်ဘာ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အရာထမ်း အမှုထမ်းများ၊ ထားဝယ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်းပြီး ထားဝယ်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း ပတ်ဝန်းကျင် လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ သစ်ပင်ချုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ချုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူ စွန့်ပစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ရာ တာဝန်ရှိသူများက ကြီးကြပ်ခဲ့ကြောင်း သိရသည်။

ကေကေအယ်လ်(ထားဝယ်)