ထားဝယ် ဩဂုတ် ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် သြဂုတ် ၇ ရက်က ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပိုးတွေ့လူနာကုသရေးစင်တာတွင် PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် တာဝန်ရှိသူများက PPE ဝတ်စုံ (၁၀)စုံ၊ ဓာတ်ဆား (၂)ပါကင်၊ ကြက်ဥ(၅၀၀)လုံး၊ ရေသန့်ဘူး အလတ် (၈၁၆)လုံးနှင့် လိုအပ်သောဆေးဝါးများကို လူဦးရေ (၁၀၅)ဦးအတွက် ထောက်ပံ့ လှူဒါန်းရာ ကွန်ပျူတာတက္ကသိုလ် ပိုးတွေ့လူနာကုသရေးစင်တာ တာဝန်ခံ ဦးကျော်မျိုးဆက်က လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါခံစားနေရသော ပိုးတွေ့လူနာများအတွက် လိုအပ်သော ဆေးဝါးများ၊ အာဟာရဖြည့်အစားအစာများ၊ ရေသန့်၊ အသုံးအဆောင်များနှင့် စေတနာ့ဝန်ထမ်းများ အတွက် ကာကွယ်ရေးဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးသွားဖြစ်ပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များမှာလည်း ထောက်ပံ့လှူဒါန်းပေးသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒေသကြီးကြပ်ရေးမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
(ထားဝယ်ခရိုင် ပြန်/ဆက်)


