ထားဝယ် ၁၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် PPE ဝတ်စုံ၊ Surgical Mask၊ N 95 Mark၊ လေကာမျက်မှန်၊ Surgical gloves များ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သော PPE (၁၀၀)စုံ၊ Surgical Mask (၁၀၀၀)ခု၊ N 95 Mark (၁၂၀) ခု၊ လေကာမျက်မှန် (၃၀) ခု၊ Surgical gloves (၅၀)စုံတို့အား ပေးအပ်လှူဒါန်းရာ ပြည်သူဆေးရုံအုပ် ဒေါက်တာ ဆွေဆွေအောင်က လက်ခံရယူသည်။
ထို့နောက် ပြည်သူဆေးရုံအုပ် ဒေါက်တာဆွေဆွေအောင် က ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေ လက်ခံရယူခဲ့သည်။
(ခရိုင် ပြန်/ဆက်)