ထားဝယ် ၊ ၁၂ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအနီးတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သပြေချောင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်းအနီးတွင် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က အိမ်ပိုင်ရှင် ဦးဘသန်းနေထိုင်သည့် အိမ်အလျား ၃၂ ပေxအနံ ၂၄ပေ ဓနိမိုး၊ထရံကာ၊ကြမ်းခင်း ၊ခြေတံရှည် (၁)ထပ်နေအိမ်၌ မီးဖိုမီး၊မီးကြွင်းမီးကျန်မှ တစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ထားဝယ်ခရိုင် မီးသတ်ဦးစီး မှူး ဦးသိန်းဇော်ဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁) စီး၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ရေသယ်ယာဉ် (၂)စီး နှင့်အတူ ဒေသခံပြည်သူတို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီ ၃၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)