ထားဝယ်၁၇ ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့်အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက တဂူသိမ်စျေးတွင် ပြည်သူလူထုနေ့စဉ် စားသောက်၊ အသုံးပြုနေသော အခြေခံစားကုန်များနှင့် အလှကုန်များဘေးအန္တရာယ်ကင်းရှင်းစေရေး ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များကို ကြည်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ( FDA )တိုင်းဒေသကြီး ဦးစီး ဌာနမှူး ဒေါ်မေသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံး/ သုံးစွဲမသင့် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ စာရင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား စျေးရောင်းချသူများ ထံဖြန့်ဝေပေးခဲ့သည်။

၄င်းနောက် စားသုံးမသင့်သော ကြက်ဖငရုတ်ဆီဗူးများတွေ့ရှိသဖြင့် နောက်နောင်ရောင်းချခြင်းမပြုရန် ခံဝန်ဂတိ လက်မှတ်ရေးထိုးစေခဲ့ပြီး ပစ္စည်းများကိုသိမ်းဆည်း၍ တဂူသိမ်အမှိုက်ပုံဖျက်ဆီးစွန့်ပစ်ခဲ့ကြကာ ရွေ့လျားဓာတ်ခွဲယာဉ်တွင် ပါရှိသောစမ်းသပ် ပစ္စည်းများဖြင့် မုန့်ဖတ်၊ ခေါက်ဆွဲအစို၊ ခေါက်ဆွဲခြောက်၊ ငပိအစ ရှိသည့် အစားအသောက်နမူနာများတွင် ခွင့်မပြုဓာတုပစ္စည်း၊ ဆိုးဆေးများပါဝင်မှု ရှိ မရှိစစ်ဆေးရာ ခွင့်မပြုဓာတု ပစ္စည်း များပါဝင်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)