ထားဝယ်  ၂၀  မတ် 

    
ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင်ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့် နေ့ထူးနေ့မြတ် အချိန်အခါသမ ဖြစ်သည့် အားလျော်စွာ မတ် ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ် ဘုရားဖူးလာသူများက ဗုဒ္ဓဘာသာဝင်သူများပီပီ ရွှေတောင်စား စေတီတော်မြတ်ကြီး အား ပန်း ၊ရေချမ်း ၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဘုရားကြီးတွင် ဘုရားဖူးလာသူများက အဓိဌာန် ပုတီးစိပ်ခြင်း ၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြသည်။


ထို့အတူတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီးနှင့် ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများတွင် ဘုရားဖူးလာ ပရိသတ်များဖြင့် ထင်းရှားကျော်ကြားလျက်ရှိပြီး အပန်းဖြေနားနေစရာအဖြစ် မောင်းမကန်ကမ်းခြေ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ၌လည်း စည်းကားလျက် ရှိသည်။
    

ရုံးပိတ်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ မိသားစုအလိုက် ဘုရားစေတီပုထိုးများ၊အပန်းဖြေနေရာများကို သွားရောက်လည်ပတ်ကြပြီး အများပြည်သူ ရုံးပိတ်ရက်များတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများတို့က မိမိအတွက် သာမက မိသားစုအတွက်ပါ တန်ဖိုးကြီးမားကြပြီး အချို့က လည်း မိမိတို့ကြိုတင် စီစဉ်ထားသော ရပ်နီးရပ်နီးဝေးဘုရားဖူးသွားပြီး၊  ဒေသန္တရ ဗဟုသုတများကို ရှာဖွေ ကြခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
                                

MDN

 

1