ထားဝယ် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘော်လုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်က ထားဝယ်မြို့၊ ဖူဆယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၃ သင်းက အုပ်စုများခွဲ၍ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)