ထားဝယ် သြဂုတ် ၆

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်  ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဩဂုတ် ၆ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုယ်ခံအားကောင်းစေသော ဗီတာမင် D3 (Immune) ဆေးရည်ကို ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးရှေ့တွင် ခရီးသွာလာပြည်သူများအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဗီတာမင် D3 (Immune) ဆေးရည်ကို သောက်သုံးခြင်းအားဖြင့် ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်း ရောဂါများ ကာကွယ်ပေးကြောင်း၊ ဆီးချိုရောဂါကာကွယ်ပေးကြောင်း၊ အရိုးပွအရိုးပျော့ရောဂါများ ကာကွယ်ပေးကြောင်း၊ ကိုယ်ခံအားကောင်းစေကြောင်း၊  သွေးတိုးရောဂါကာကွယ်ပေးကြောင်း၊ နာတာရှည်ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်း ရှင်များ အသင်းဝင်တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဗီတာမင် D3 (Immune) ဆေးရည်ကို အဓိက ပံ့ပိုးပေးခြင်းဖြစ်ပြီး လူမှုရေးအသင်းဖွဲ့နှင့်ပူးပေါင်းကာ ထားဝယ်မြို့အနှံ့ ဗီတာမင် D3 (Immune) ဆေးရည် တိုက်ကျွေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်လတ်(ထားဝယ်)