ထားဝယ်        ၂၇    မေ

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့ နံနက် ၁၀ နာရီ က  တိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

 

7131

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး ၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ ( ၂ ) ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပဉ္စမနေ့) အစည်းအဝေး တက်ရောက် မှုအခြေအနေကို မှတ်တမ်းတင်ခြင်း ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၂)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး(၁)ဦး က ကတိသစ္စာပြုသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ဓာတ်သတ္တုလုပ်ငန်း ဉပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကော့သောင်းမြို့အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံအား အတည်ပြုပေးနိုင်ရေး တိုင်းဒေသကြီး လွှတ်တော်သို့တင်သွင်းသည်။

 

ဆက်လက်၍ ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စီးပွားရေး ကော်မတီတွင် အဖွဲ့ဝင်(၁)ဦး အစားထိုး တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူ ခြင်းတို့ကိုဆောင်ရွက်ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်း အဝေး (ပဉ္စမနေ့ ) ကို နံနက်( ၁၁ )နာရီအချိန်တွင်ရပ်နားခဲ့ပြီး( ၁၆ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဌမနေ့) ကို မေ ၂၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီးပြန်/ဆက်