ထားဝယ်  ၂၇  နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက် ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေနံနက် နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ထားဝယ်ခရိုင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ယနေ့ဖွင့်လှစ်သော သင်တန်းသည် နေပြည်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နည်းပြသင်တန်း တက်ရာက်ခဲ့သူများက ပြန်လည်ပို့ချခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးကို အောင်မြင်စွာ ကောက်ယူခဲ့ပြီးနောက် (၁၀)နှစ်တစ်ကြိမ် ကောက်ယူရမှာဖြစ်၍ ကြားကာလ ()နှစ်တာကာလဖြစ်သော ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချမှုများကို သေချာစွာ လိုက်နာမှတ်သားထားပြီး ယခုအသုံးပြု ကောက်ယူမည့် နည်းစနစ်သည် ခေတ်ကာလနှင့်အညီ Mobile Tablet  များဖြင့် ကောက်ယူရမှာဖြစ်ကြောင်း၊  မြေပြင်တွင် လက်တွေ့ကွင်းဆင်း ကောက်ယူရသည့်အခါ အခက်အခဲ မဖြစ်စေရေးအတွက် သင်တန်းမှာ မရှင်းလင်းသည်များရှိပါက မေးမြန်းကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထားဝယ်ခရိုင်ဦးစီးမှူး ဦးဆန်းအောင်က လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် ရရှိရေးအတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ နမူနာကောက်ကွက် (၅၂)ကွက်တို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ် တစ်ခုလုံးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်တင်တင်လှက ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ၊ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းတွင် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူ ၃၅ ဦးအား နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ရက်နေ့အထိ သင်ကြားပို့ချပေးမည် ဖြစ်သည်။

 

(ခရိုင် ပြန်/ဆက်)