ထားဝယ် အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ ရွှေတောင်စား စေတီတော်မြတ်ကြီး နှစ်(၂၆၀)ပြည့် အထိမ်းအမှတ် မော်ကွန်းအဖြစ် ဉာဏ်တော် ၂၇ ပေအမြင့်ရှိသော ရွှေတောင်စားမုနိရပ်တော်မူဘုရားကြီးကို လောကမာရဇိန်ဘုရားကြီး တောင်ဘက်မုခ်အနီးတွင် တည်ထားပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဥဩကျော်လစ်၊ ရွှေတောင်စား သက္ကရာဇ် ဟူသော ကဗျည်းမှတ်တမ်းစာအရ တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်မြတ်ကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း(၂၆၀) ပြည့်မြောက်ပြီဖြစ်ပြီး အထိမ်းအမှတ်မော်ကွန်းအဖြစ် ဉာဏ်တော် ၂၇ ပေ အမြင့်ရှိသော ရွှေတောင်စားမုနိ ရပ်တော်မူဘုရားကြီးကို ရွှေတောင်စားကျောင်းတိုက် ဆရာတော် ဦးပညာဒီပ ကိုယ်တိုင်ဦးစီး၍ တည်ထားပူဇော် မည်ဖြစ်ရာ ရဟန်းရှင်၊ လူ အများပြည်သူ ကုသိုလ်ရှင်၊ စေတနာရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)