ထားဝယ်  ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက် နံနက် ၇ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပေါင်းစုံမှ အားကစားမောင်မယ်များက မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀) အပြေးပြိုင်ပွဲများနှင့် အလျားခုန် ပြိုင်ပွဲအားကစားနည်းများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၁၈)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို ဇန်နဝါရီ ၃ ရက်တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကေကေအယ်လ်(ထားဝယ်)