နေပြည်တော်  ၁၁   အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ်၊  ပညာရေးငွေစုငွေချေးအသင်းသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အသင်းသား ၁၄၅၀ ကို တစ်ဦးလျှင် ကြားပျံပေါ်ဆန်းမွှေး(၆)ပြည် တစ်အိတ် နှင့် ဆီတစ်ပိဿာနှုန်းဖြင့် စုစုပေါင်းတန်ဖိုးကျပ်သိန်း ၂၃၀ ခန့်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပညာရေးငွေစုငွေချေး သမဝါယမအသင်းတွင် အသင်းသား ၁၄၅၀ ရှိပြီး အသင်းသားများ ချေးငွေလိုအပ်သည့်အခါ အတိုးနှုန်း ၁ ဒသမ ၅၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်ထံမှသိရသည်။

သီဟစည်သူ