ထားဝယ် မေ ၁

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မီးသတ်တပ်ဖွဲ့များနှင့် မိသားစုဝင်များက ယနေ့နံနက် ၉ နာရီတွင် ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)