ထားဝယ် ၁၂ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ်ကော်မတီနှင့် Wow Sports Co.Ltd တို့ပူးပေါင်း၍ DAWEI OPEN 2020 LOKI CUP ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းဝင်းက အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ရာ ရွှေဝယ်သီရိစားပွဲတင် တင်းနစ်ကလပ်ဉက္ကဋ္ဌ ဦးဟိုကြည်က လက်ခံရယူပြီး မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းဝင်းက အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သုဝဏ္ဏအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးအသင်း၊ တတိယဆုရရှိသည့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် အသင်းတို့အား ငွေသားဆု၊ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဆုများပေးအပ်သည်။
ထိုနောက် တိုင်းဒေသကြီးစားပွဲတင် တင်းနစ်ဆပ်ကော်မတီဉက္ကဋ္ဌ ဦးညီညီနိုင်က အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အောင်မြင့်မြတ်(အဖွဲ့ချုပ်)၊ ဒုတိယဆုရရှိသည့် လွှမ်းမိုးအောင်(ရွှေဝယ်သီရိ)၊ တတိယဆုရရှိသည့် ကျော်ကျော်ဝင်း(သုဝဏ္ဏ)တို့အားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင်က အသက်(၄၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မင်းနိုင်ဦး(ပြည်)၊ ဒုတိယဆုရရှိသည့် ကျော်စွာညွန့်(ပြည်)၊ တတိယဆုရရှိသည့် မြင့်ရှိန်(ရွှေဝယ်သီရိ)တို့အား လည်းကောင်း ငွေသားဆု၊ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဆုများပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများနှင့် ပထမဆုရရှိသည့် ကြည်မြင့်(အဖွဲ့ချုပ်)၊ ဒုတိယဆုရရှိသည့် အေးခိုင်(ကာကွယ်ရေး)၊ တတိယဆုရရှိသည့် စွမ်းပြည့်ထွန်း(ထားဝယ်)တို့အား ငွေသားဆု၊ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)